Tips for iPhone and iDevices

10 11 2012
iPhone နဲ့  iDevice များ အတွက် အသုံးဝင်သော အရာများကို စုစည်းပေးထားပါတယ် ။

Restart  iPhone.

Phone သုံးနေရင်းနဲ့ လုံးဝ Hang သွားလို့ရှိရင် Freeze ဖြစ်သွားရင် အသုံးဝင်ပါတယ် ။
ဖြစ်တော့ ဖြစ်ခဲပါတယ် ။ လုံးဝ မဖြစ်ဘူးလို့ တော့ မထင်ပါနဲ့  ။ ဖြစ်လာခဲ့ရင်တော့ ……..
ဒီလို လုပ်ပါ ။

Home နဲ့ Sleep Button ကိုကြာကြာလေးနှိပ်ထားလိုက်ပါ ။ ( Screen အမဲပြတဲ့အထိ )

ပြီးရင် Power ပြန်ဖွင့်လိုက်ပါ ။

ကဲ …. အဆင်ပြေသွားပြီနော် ။

Screenshot.

Phone Screen ပေါ်က အရာများ ဥပမာ …. Connection နှေးနေတဲ့အခါ Facebook တို့ 
Webpage တို့ ပေါ်က ဓါတ်ပုံတွေ ၊ စာတွေ ကို လိုချင်တယ် ဆိုရင် Screenshot ရိုက်လိုက်မှာပေါ့ ။
ဒါလေးများ …. လွယ်ပါတယ် ။

Home Key ကို Sleep Key နဲ့ တွဲနှိပ်လိုက်ပါ ။ 
Scroll to Top.

Web Browsing လုပ်နေတဲ့အခါ Facebook, Twitter တို့သုံးတဲ့အခါ ကြည့်ရင်း ကြည့်ရင်းနဲ့  ဟိုးအောက်ဘက် ကိုရောက်သွားတဲ့အခါ…. အပေါ်ကို တကူးတက ပြန်ရွှေ့နေ စရာမလိုပါဘူး ။
Status bar ကို တစ်ချက် နှိပ်လိုက်ပါ ။ 
အပေါ်ဆုံးကို ပြန်ရောက်သွားမှာပါ ။
ကဲ ….. အဆင်ပြေသွားပြန်ပြီ ။


 Hold Down Certain Keys. 

Keyboard  မှာ မြုပ်ထားတဲ့ Symbol လေးတွေ ရှိတယ်နော် ။
Safari မှာ URL တစ်ခုရိုက်လို့ရှိရင် .com ကိုရိုက်ဖို့တော့ ခလုတ်တစ်ခု ပါပါတယ် ။ 
.com မဟုတ်ဘဲ .net.mm .asia .net .mm .org စတာတွေကို ရိုက်ချင်ရင်တော့ ……
.com ခလုပ်ကို ခဏဖိထားလိုက်ပါ 
ဒါဆိုရင် ပေါ်လာပါလိမ့်မယ်. ဒီ ခလုပ်တင်မကဘဲ အခြား Key လေးတွေမှာပါ မြုပ်ထားတာလေးတွေရှိပါတယ် ။

Letter မှာဆိုရင် E, Y, U, I, O, A, S, L, Z, C, N
Symbols တွေမှာတော့ Dollar Sign, Dash, Ampersand, Quotes, Period, Question Mark, Exclamation , Apostrophe, and Percent တွေကို နှိပ်ရင် တခြား Symbol လေးတွေ တွေ့နိုင်ပါတယ်။ 

Quick Caps and Symbol.

Capital Letter စာလုံးအကြီးကို မြန်မြန်ရိုက်ချင်ရင် ….

ပုံမှန်အတိုင်းဆိုရင် အပေါ်မျှား (Shift) လေး တစ်ချက်နှိပ်ပြီးမှ Capital Letter တို့Symbol တို့ကိုနှိပ်တတ် ပါတယ်။ အဲဒီလို မသုံးဘဲ အလျင်လိုရင်တော့  …
Shift key က နေလိုချင်တဲ့ စာလုံးဆီကို တိုက်ရိုက် (Drag) ဆွဲချ သွားလို့ရပါတယ် ။
 


Tap Dots For Next Page.

Home Screen မှာ Slide တွေ တစ်ခု ကနေ တစ်ခု ကို swiping motion နဲ့ သွားရတာကို ငြီးငွေ့ တယ်ဆိုရင် ….. ဒီလိုလေး လုပ်ကြည့်ပါလား ။

Home Screen အောက်ခြေမှာ ရှိတဲ့ အစက်ကလေးတွေ (Dots) ကိုနှိပ်ပါ ။
ညာဖက်က Slide ကိုသွားချင်ရင် ညာ တစ်ချက် နှိပ်ပါ ။
ဘယ်ဖက်က Slide ကိုသွားချင်ရင် ဘယ် တစ်ချက်နှိပါ ။

Lock Screen Orientation.

 

ကိုယ်က Phone ကို ထောင်လိုက် လှဲလိုက် လုပ်ရင် iPhone Screen တွေက အသုံးပြုသူတွေနဲ့  အသားကျအောင် အလိုက်သင့်ပြောင်းပေးတယ်လေ ။ တစ်ခါတစ်လေ…. အိပ်နေရင်း Game ကစားတဲ့ အခါ စာဖတ်တဲ့ အခါ Auto Rotate တွေဖြစ်တော့ ကသိကအောင့်ဖြစ်တယ်ဟုတ် ? 

အဲ့ဒီလို မဖြစ်ချင်ဘူး … ဆိုရင် ။ ဒါလေးများ လွယ်ပါတယ် ။

Home Button ကို (၂) ချက် နှိပ်ပါ ။ 
အာက်ခြေ ဘယ်ဘက် အစဆုံး သို့ ရောက်အောင် Swipe လုပ်ပါ
Portrait Orientation ကို နှိပ်ပါ ။ ( On / Off ) လုပ်လို့ ရပါပြီ ။

  

Close Background Application.

Application တွေ တစ်ခုပြီး တစ်ခု ဖွင့်ပြီး ပြန်ထွက်ရင် Phone Background မှာ Application တွေအများကြီး run နေပါတယ် ။ Battery လဲ အကုန်မြန်ပါတယ် ။
အဲ့ဒီ run နေတဲ့ Application တွေထဲက ကိုယ် ပိတ်ချင်တာတွေကို ပိတ်လို့ ရပါတယ် ။
ဘယ်လို လုပ်ရမလဲ ဆိုတော့ ……..

Home Button ကို (၂) ချက် နှိပ်ပါ ။
ပေါ်လာတဲ့ Application icon တစ်ခု ပေါ်ကို ခဏဖိထားပါ ။ ( အနီရောင် အနှုတ်လက္ခဏာ)  ပေါ်မည် ။
ပိတ်ချင်သော Application icon မှ အနီရောင် အနှုတ်လက္ခဏာ လေးကို နှိပ်ပါ ။

 

 

 


Actions

Information

2 responses

10 11 2012
Anonymous

Thanks your sharing!

10 11 2012
Anonymous

Thanks your sharing!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s




%d bloggers like this: