Local Call !

18 10 2007

လွန်ခဲ့တဲ့ ကာလ တော်တော်ကြာကြာက ကြားခဲ့ဖူးတဲ့ ဟာသလေး တခုပါ။ အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ မသိသေးရင်တော့ ဆက်ဖတ်ပေါ့။
ငရဲပြည်မှာ ငရဲကျရောက်နေသော သူများထဲမှ တချို့  က သူတို့ အိမ်ကို အကြောင်းကြားချင်လို့ ငရဲမင်းကြီးထံ ခွင့်တောင်းပြီး ဖုန်းဆက်ကြပါတယ်။

အမေရိကန် နိုင်ငံသား – အမေရိကားရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၃ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ……?

ငရဲမင်းကြီး – ၁ ဒေါ်လာ ကျပါတယ်။

အမေရိကန် နိုင်ငံသား – ခဏလေး ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ….?

ငရဲမင်းကြီး – Oversea Call ဖြစ်နေလို့ပါ။

ဂျပန် နိုင်ငံသား – ဂျပန်ရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ ၄ မိနစ်ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ……?

ငရဲမင်းကြီး – ၁ ဒေါ်လာ ကျပါတယ်။

ဂျပန် နိုင်ငံသား – ၄ မိနစ်ပြောတာ ၁ ဒေါ်လာတောင် ကျတယ် ….?

ငရဲမင်းကြီး – Oversea Call ဖြစ်နေလို့ပါ။

မြန်မာ နိုင်ငံသား – မြန်မာနိုင်ငံရှိ သူ့မိသားစုထံ ဖုန်းဆက်ရာ မိနစ် ၃၀ ကြာပါတယ်။
ဘယ်လောက် ကျပါလဲ ခင်ဗျာ ……?

ငရဲမင်းကြီး – ပြား ငါး ဆယ် ကျပါတယ်။

ထိုအခါ အမေရိကန် နှင့် ဂျပန် နိုင်ငံသားတို့က ငရဲမင်းကြီး ခင်ဗျာ ၊ ကျွန်တော်တို့ ၂ ယောက်ကျတော့ ခဏလေး ပြောတာ ၁ ဒေါ်လာစီ ယူတယ်။ သူ့ကျတော့ အကြာကြီးပြောတာ ဘာ့ကြောင့် ပြား ငါး ဆယ်ပဲ ယူတာလဲ ….?

ငရဲမင်းကြီး ပြန်ဖြေလိုက်တာက …….. သူက Local Call လေ တဲ့။


Actions

Information

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s




%d bloggers like this: